Published on

PHP Package Development (Part-3)

PHP နဲ့ Laravel Package တွေ ဖန်တီးတာကို knowledge sharing လုပ်ချင်ပါတယ်။ ဒီအပိုင်းမှာတော့ package development အတွက် အသုံးဝင်တဲ့ tool တွေကို ပြောပြသွားပါမယ်။

Requirements ​

Documentation ​

ကျတော်အတွက် documentation က package တစ်ခုအတွက် အရေးကြီးဆုံးအပိုင်းလို့ ခံယူထားပါတယ်။ ကိုယ်ရေးတဲ့ package က ရိုးရိုးရှင်းရှင်းပဲဆိုရင် README.md file မှာ installation နဲ့ usage လောက်ရေးရုံနဲ့ အဆင်ပြေပါတယ်။ တကယ်လို့ ကိုယ်ရေးတဲ့ package က feature တွေအများကြီးပါတယ်ဆိုရင် static site generator တစ်ခုခုကိုသုံးပြီး ရေးသင့်ပါတယ်။

ဒါတွေကတော့ ကျတော်ကိုယ်တိုင်သုံးဖူးပြီး အဆင်ပြေတဲ့ static site generator တွေပါ။ Documentation site တစ်ခုဖန်တီးတဲ့ အကြာင်းကို Build a Modern Documentation Site မှာ ကျတော် အသေးစိတ်ရေးထားပါတယ်။

Package Skeleton ​

Package တစ်ခုရေးမယ်ဆိုရင် composer init လုပ်တာတွေ၊ src folder တွေ၊ composer.json တွေကို အစအဆုံး create လုပ်နေတာထက် package skeleton ကိုသုံးလိုက်တာက ပိုပြီး အလုပ်တွင်ပါတယ်။ Package skeleton တွေမှာက development တွေလိုအပ်တဲ့ tests တွေ၊ folder structure တွေ၊ project setup အတွက်လိုတာတွေ ပါပြီးသားဖြစ်တဲ့အတွက် business logic ကိုတန်းရေးလို့ ရပါတယ်။

Laravel Package Tools ​

spatie/laravel-package-tools က Laravel package ရေးတဲ့အခါမှာ migration တို့၊​ config တို့၊ view တို့ လိုအပ်ရင် ServiceProvider ကနေ အလွယ်တကူချိတ်လို့ရအောင် ဖန်တီးထားတဲ့ package တစ်ခုပါ။

Laravel News ​

ကျတော်တို့ ရေးထားတဲ့ package တွေကို Laravel News မှာ အကောင့်ဖွင့်ပြီး submit လုပ်လို့ရပါတယ်။​ သူတို့ approve ပေးလိုက်ရင် scoial platoform အမျိုးမျိုးမှာ ကိုယ့် package ကို share ပေးသွားမှာပါ။

Made With Laravel မှာလည်း submit လုပ်လို့ရတယ်။

Learning Resources ​

Spatie ကရေးတဲ့ package တွေရဲ့ source code တွေကို လေ့လာထားရင်ကို package development အတွက် တော်တော် များများကို သိနေမှာပါ။

Package Development - ဒါကတော့ package development အတွက် Laravel ရဲ့ official documentation ပါ။

Strategies for making Laravel packages customizable - ဒါကတော့ package တွေကို customizable ဖြစ်အောင် ဘယ်လိုရေးရမလဲဆိုတာကို ရှင်းပြထားတဲ့ article တစ်ခုပါ။